ရခိုင်သူ၊ရခိုင်သားတိအမျိုးကိုစောင့်ထိန်းကတ်ပါမေ..

Friday, 18 September 2009

ပြောပြချင်ရေ

စစ်တွေမြို့လှ မိလို့မရ
ရင်ခွင်ထဲက လွမ်းတသသ
တမ်းတမိရေ ပွိုင့်လီပြီချေ
ရှုရှိုက်လို့မဆုံးနိုင်ဝေ။

မြို့ဟောင်းပုထိုး တန်းလို့စီစီ
ရခိုင့်ဂုဏ်ကို လွှမ်းမိုးသက်သီ
မမိနိုင်ရေ အတိတ်သမိုင်း
ဒေရင်မှာပူလို့လှိုင်း။

ဂစ္ဆပသွီးကြော တသွင်သွင်ဝေ
စည်းလုံးခြင်းကို ဖော်ဆောင်ရေလေ
တန်ခိုးကြီးရေ မဟာမုနိ
စိတ်ထဲမှန်းဗျလ် ရှိခိုးမိ။

ကျောက်ဖြူမြို့က စကားသံချေ
ပဲ့တင်ထပ်ရေ ဒေရင်မှာလေ
ကံ့ကော်တောကို တစ်ခါရာလား
မှန်းဆဖူးမြော် မဆုံးပါဒေကား။

စိမ်းညို့တောင်တန်း ပတ်ရံသွယ်သွယ်
ခံစားချက်တိ မကုန်နိုင်ဝေ
တစ်ခါတမ်းဗျလ် စိတ်မှာမှန်းဆ
မယူကမ်း၏ အနောက်ဘက်လှ။

ဖိုးဖီးဆက်ဆက် စောင့်ရှောက်ထား
ရက္ခမျိုး၏ အစွမ်းတကား
ထိန်းသိမ်းလားဖို့ ပြောပြချင်ရေ
ငါ့ရို့ရခိုင်မျိုးတိကိုလေ..။

အားလုံးကိုကျေးဇူးတင်ပါရေ

ကြိုးစားလျှက်

Nachaygree

၁၈.၉.၂၀၀၉



Bookmark and Share

Copyright ©Creation 2009® ©nAcHaYgReE®| Design Template® By Ourblogtemplates®| All rights reserved®